ရန်ကုန် ၊ ၁၄-၁-၂၀၁၃
အာဆီယံ - ဂျပန် စင်တာမှ ကြီးမှူးကာ
အိမ်တွင်း အလှဆင် ပစ္စည်းပြပွဲ ( Interior Life Style 2013 ) ကို ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ
တွင် ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ
ပါဝင်ပြသရန် ဖိတ်ကြား ထားကြောင်း သိရသည်။
အဆိုပါ အာဆီယံ - ဂျပန် စင်တာမှ ကျွမ်းကျင်သူ
များသည် ဂျပန်နိုင်ငံ၏ ဈေးကွက် အခြေအနေ များကို ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင်
မန္တလေးမြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပ ပြု လုပ်မည့် ဈေးကွက် ၀င်ရောက်ရေး အထောက်အကူပြု
အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်း ဆွေးနွေး မည် ဖြစ်ပြီး ၄င်းပြပွဲတွင် ပါဝင်ပြသမည့်
ကုမ္ပဏီ များအား အကဲဖြတ် ရွေးချယ်မည် ဖြစ်သဖြင့် ပါဝင် ပြသမည့် လုပ်ငန်းရှင် များအနေဖြင့်
တက်ရောက်ရန် လိုအပ်မည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲ နှင့် ပြပွဲတွင်
ပါဝင်ပြမည့် ကုမ္ပဏီ အမည်စာရင်း နှင့် ဆွေးနွေးပွဲ တက်ရောက်မည့် ပုဂ္ဂိုလ်များ စာရင်းကို
ပုံစံဖြည့်စွက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်သို့ အချိန်မီ ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment