Pages

Sunday, January 20, 2013

ဒုတိယအကြိမ် ဓမ္မဒါန အထူးတရားပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၀-၁-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း ၊ တောင်ပိုင်း) မြို့နယ် ၊ လေးဒေါင့်ကန် ရပ်ကွက် ၏ ဒုတိယ အကြိမ် ဓမ္မဒါန အထူး တရားပွဲ ဓမ္မသဘင်ကို ဇန်န၀ါရီ ၁၈ ရက်က စတင်ခဲ့ရာ လာမည့် ဇန်န၀ါရီ ၂၂ ရက်နေ့အထိ ညစဉ် ၇ နာရီ အချိန်တွင် ဘူတာပိုင်း (ဘောလုံးကွင်း) ၊ လေးဒေါင့်ကန် ရပ်ကွက် ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ဓမ္မဒါန အထူးတရားပွဲတွင်

  • ဇန်န၀ါရီ ၁၈ ရက် (သောကြာနေ့)တွင် အရှင် အာစာရာ လင်္ကာရ ဆရာတော် (နိုင်ငံတော် ကိုးဘွဲ့ရ)
  • ဇန်န၀ါရီ ၁၉ ရက် (စနေနေ့) တွင် ဘဒ္ဒန္တ အရ၀ိန္ဒာ ဘိဝံသ ဆရာတော် (ရွှေလင်းယုံ)
  • ဇန်န၀ါရီ ၂၀ ရက် (တနင်္ဂနွေနေ့)တွင် အရှင် သြဘာသ ဆရာတော် (ဖြည်ဆည်ရာ)
  • ဇန်န၀ါရီ ၂၁ ရက် (တနင်္လာနေ့)တွင် ဒေါက်တာ အရှင် ကောဝိဒ ဆရာတော် (မဇ္စျိမ ဂုဏ်ရည်)
  • ဇန်န၀ါရီ ၂၂ ရက် (အင်္ဂါနေ့)တွင် အရှင် စန္ဒာသူရိယ ဆရာတော် (အောင်စကြာ)

တို့မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြား ချီးမြှင့်မည် ဖြစ်ပြီး အနှိုင်းမဲ့သော တရား အလှူကို ပေးလှူမည် ဖြစ်ပါ၍ တရားအလှူခံ ကြွရောက်ပါရန် ဖိတ်ကြား နှိုးဆော် ထားကြောင်း သိရှိရ သည်။

No comments:

Post a Comment