Pages

▼

Sunday, January 27, 2013

ဆိုးဆေး ပါဝင်သော အစာ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားရ



ရန်ကုန် ၊ ၂၇-၁-၂၀၁၃

ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ ဖြစ်ပွားမှု များသော နိုင်ငံ များထဲ၌ မြန်မာနိုင်ငံ ပါဝင် နေသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန် ခဲ့သည့် ကျန်းမာရေး အစီရင်ခံ များအရ သိရသည်။ ထိုသို့ ကင်ဆာ ဖြစ်ပွားမှု များပြား လာခြင်းသည် ပြည်သူများ စားသုံး နေသည့် အသက် အန္တရာယ် ဖြစ်စေ နိုင်သော ဆိုးဆေးများ ၊ ဆေးဝါး များကြောင့် ဖြစ်သောကြောင့် စားသုံးသူ ကာကွယ်ရေး အသင်းမှ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးများကို ပညာပေးခြင်း နှင့် သတိပေးခြင်း များ ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။

ပညာပေးခြင်း ၊ သတိပေးခြင်း ကာလ ပြီးဆုံးပါက မလိုက်နာ သူများကို ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်ထိ ၊ ငွေဒဏ် ငါးသောင်းမှ ငါးသိန်းထိ စားသောက်ကုန် ဥပဒေအရ အရေးယူမည် ဟု သိရသည်။ ဆိုးဆေး အများဆုံး အသုံးပြုမှုကို အချဉ်ရည် များတွင် တွေ့ရှိရပြီး ပလပ်စတစ် ၊ ဖော့ဘူး ၊ ခြင်ဆေးခွေ ၊ ပဲဆီ(အတု) နှင့် နှမ်းဆီ(အတု) များ စသည်တို့ သည်လည်း ကင်ဆာ ရောဂါ များ ဖြစ်ပွား စေသည်ဟု သိရှိရသည်။

No comments:

Post a Comment