Pages

▼

Sunday, January 27, 2013

ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း မတ်လမှစ၍ တစ်နေ့ ရေဂါလန် ၂၃ သန်း ပေးဝေမည်

ရန်ကုန် ၊ ၂၇-၁-၂၀၁၃

ရန်ကုန် မြို့တော်အတွက် ရေဖူလုံစွာ ပေးဝေ နိုင်ရန် အကောင် အထည်ဖော် နေသည့် ငမိုး ရိပ် ရေပေးဝေ ရေးစီမံကိန်း မှ လာမည့် မတ်လမှ စတင်၍ တစ်နေ့ ရေဂါလန် ၂၃ သန်း ရရှိမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) မှ သိရသည်။

လက်ရှိတွင် သင်္ဃန်းကျွန်း ၊ သာကေတ ၊ ဒေါပုံ စသည့် မြို့နယ် များတွင် ရေ အခက်အခဲ များ ဖြစ်ပေါ် နေရာ ယင်းကဲ့သို့ ရေဂါလန် ၂၃ သန်း ရရှိပါက အဆိုပါ မြို့နယ် များအား ရေ အားဖြည့် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ငမိုးရိပ် ရေပေး ဝေရေး စီမံကိန်း ဒုတိယ အဆင့်မှာ ညောင်နှစ်ပင် ရှိ ရေပေးဝေ ရေးစခန်းမှ သင်္ဃန်းကျွန်း မြို့နယ် ၊ သုဝဏ္ဏ အင်ကြင်း ရိပ်မွန်အထိ မိုင် ၂၀ ကျော် ပိုင်းလိုင်းများ သွယ်တန်းကာ ရေပေးဝေ မည်ဖြစ်ပြီး ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ စမ်းချောင်း နှင့် ကြည့်မြင်တိုင် မြို့နယ် များကိုပါ ရေအား ဖြည့်ပေး ဝေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment