Pages

Tuesday, January 1, 2013

ဆေးဖက်ဝင် ဖန်ခါး အသစ် ပေါ်ချိန် ဈေးကောင်း

ဆေးဖက်ဝင် ဖန်ခါး အသစ် ပေါ်ချိန် ဈေးကောင်း ဇန်န၀ါရီ(၁)ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ဘုရားပြိုဒေသမှ ထွက်ရှိသည့် ဆေးဖက်ဝင် ဖန်ခါးသီး များမှာ ဈေးကွက် အတွင်းသို့ အသစ် ၀င်ရောက်ချိန် တွင် ဈေးကောင်း ရရှိနေ ကြောင်း ပရဆေး ကုန်သည်များထံမှ သိရသည်။ လက်ရှိ ပေါက်ဈေး အနေဖြင့် ဖန်ခါးသီး တစ်ပြည်လျှင် ၃၅၀၀ ကျပ် ၀န်းကျင် ပေါက်ဈေး ရှိပြီး ယခုနှစ် ဖန်ခါးသီး အထွက် နည်းပါးခဲ့ခြင်း ကြောင့် ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ပြီး နယ်စပ်မှ ၀င်ရောက်မှု များပြား လာပါက ဈေးနှုန်း ကျဆင်း လာမည် ဖြစ်ကြောင်း ပရဆေး ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။ အခြား ဒေသများမှ ထွက်ရှိသော ဖန်ခါးသီးများ ထက် ဘုရားပြို ဒေသထွက် ဖန်ခါးသီး များမှ ပို၍ အ၀ယ်လိုက်ပြီး ပြည်တွင်း ဈေးကွက် သာမက တရုတ်နိုင်ငံမှ တိုင်းရင်းဆေးဝါး ဖော်စပ်ရန် ၀ယ်ယူလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment