ကျိုင်းတုံ ၊ ၂၉-၁-၂၀၁၃
" World Vision " နှင့် ပညာရေး
ဌာနတို့ ပူးပေါင်း၍ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွင်း (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အား
ကြိုဆို ဂုဏ်ပြုသော အားဖြင့် အခြေခံ ပညာအဆင့် စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲအား ကျိုင်းတုံမြို့
၊ ပန်ဟွန်း အခြေခံ ပညာ မူလတန်း လွန်ကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့
" World Vision " (ကျိုင်းတုံ) မှ တာဝန်ခံ ဦးစိုင်းနော်ကျောက် နှင့် ကျိုင်းတုံ
ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး
ဦးစိုင်းဆမ်တစ် ၊ ကျောင်းအုပ် ဆရာမကြီး နှင့် ဆရာ - ဆရာမများ ၊ မိဘ အုပ်ထိန်းသူများ
နှင့် ကျောင်းသား - ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အစီအစဉ် အရ ကဗျာပြိုင်ပွဲဝင် ကျောင်းသား
- ကျောင်းသူ ၁၉ ဦး နှင့် စာစီစာကုံး ပြိုင်ပွဲဝင် ကျောင်းသား - ကျောင်းသူ ၂၇ ဦးတို့သည်
" ပြည်ထောင်စုနေ့ " ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင် ကြပြီးနောက် "
World Vision " မှ တက်ရောက် လာကြသူ များအား စားသောက် ဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက် ကျင်းပခဲ့ရာ စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲ တို့တွင်
ပထမ ၊ ဒုတိယ ၊ တတိယ ဆုရ ကျောင်းသား - ကျောင်းသူ များအား ကျောင်းဝတ်စုံ နှင့် စာရေး
ကိရိယာများ ပစ္စည်းများ ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment