Pages

Wednesday, January 23, 2013

စင်ကာပူ တပ်မတော်သည် နယူးဇီလန်နိုင်ငံတွင် အမြောက် ပစ်ခတ်မှု လေ့ကျင့်ခန်း ပြုလုပ်လျက်ရှိခြင်း



၂၃-၁-၂၀၁၃

စင်ကာပူ တပ်မတော်သည် နယူးဇီလန်နိုင်ငံရှိ Waiouru လေ့ကျင့်ရေး ကွင်းတွင် " Thunder Warrior " အမည်ရှိ နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သည့် အမြောက် ပစ်ခတ်မှု လေ့ကျင့်ခန်းကို ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်လျက် ရှိကြောင်း ဇန်န၀ါရီလ ၂၂ ရက်နေ့ CNA သတင်းတစ်ရပ် အရ သိရှိရသည်။


စင်ကာပူ တပ်မတော်၏ အမှတ်(၂၁) နှင့် အမှတ်(၂၄) အမြောက်တပ်ရင်း မှ တပ်ဖွဲ့ဝင် ၄၇၀ ဦးခန့်သည် အဆိုပါ လေ့ကျင့်ခန်းတွင် ပါဝင် လေ့ကျင့်လျက် ရှိကြောင်းနှင့် စင်ကာပူ ကာကွယ်ရေး အတွင်းဝန် Mohamad Maliki Osman နှင့် နယူးဇီလန် ကာကွယ်ရေး အတွင်းဝန် Helene Quilter တို့သည် ဇန်န၀ါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်ရာ နေရာသို့ သွားရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။ ၄င်းတို့သည် စစ်မြေပြင်သုံး Howitzer 2000 အမြောက် နှင့် စင်ကာပူ နိုင်ငံ၏ သံချက်ကာယာဉ်တင် ဟောင်ဝစ်ဇာ အမြောက် Primus တို့ ပါဝင်သော တပ်ရင်းအဆင့် ကျည်စစ်ကျည်မှန် ဖြင့် ပစ်ခတ်သော လေ့ကျင့်ခန်း တစ်ရပ်ကို တက်ရောက် ကြည့်ရှု လေ့လာခဲ့ ကြသည်။

အဆိုပါ လေ့ကျင့်ခန်းအား ၁၉၉၇ ခုနှစ်မှ စတင်၍ နယူးဇီလန် နိုင်ငံတွင် စတင် ပြုလုပ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ တပ်မတော်တို့သည် နှစ်နိုင်ငံ နှင့် နိုင်ငံစုံ လေ့ကျင့်ခန်းများ ၊ ကျွမ်းကျင်မှု အလိုက် အပြန်အလှန် အမြင်ချင်း ဖလှယ်မှု များနှင့် သင်တန်းများ အပြန်အလှန် စေလွှတ်ခြင်း တို့မှတစ်ဆင့် ပုံမှန် ဆက်သွယ်မှု ရှိကြောင်း ၊ အဆိုပါ လေ့ကျင့်ခန်းသည် နှစ်နိုင်ငံ အကြား ရေရှည် ကာကွယ်ရေး ဆက်ဆံမှု များကို မီးမောင်းထိုးပြ နေကြောင်း စင်ကာပူ ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment