Pages

Wednesday, January 16, 2013

နမ့်စန်မြို့နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးခြင်း



နမ့်စန် ၊ ၁၆-၁-၂၀၁၃

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ နမ့်စန် တပ်နယ်မှူး၏ ကွပ်ကဲမှုဖြင့် နမ့်စန်တပ်နယ်မှ အရာရှိကြီး များနှင့် နယ်မြေခံ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့တို့ လိုက်ပါလျက် ၁၂-၁-၂၀၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နမ့်စန်မြို့နယ် ၊ မက်မုန်မွန်း ကျေးရွာအုပ်စု (တောင်ပိုင်း) ၀မ်ဟင် ကျေးရွာ သို့ ရောက်ရှိကြပြီး ဘုန်တော်ကြီး ကျောင်းရှိ ယာယီ ဆေးကုသရေး နေရာတွင် ဒေသခံ တိုင်းရင်း သား ပြည်သူများအား အခမဲ့ ဆေးဝါး ကုသပေးခြင်း ၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင် ပေးခြင်း နှင့် ကျန်းမာရေး ဆိုင်ရာ အသိ ပညာပေးမှု လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တပ်နယ်မှူးသည် နယ်မြေခံ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ဒေသခံ တိုင်းရင်း သား ပြည်သူများအား အခမဲ့ ဆေးဝါး ကုသ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ခြင်း ဆောင် ရွက် နေမှု အား လိုက်လံ ကြည့်ရှု အားပေးပြီး ၊ ဆေးဝါး ကုသမှု ခံယူသူ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးကာ ဆေးဝါး နှင့် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ထိုကဲ့သို့ ဆေးဝါးကုသ ပေးခြင်းအား နယ်မြေခံ တပ်မတော် ဆေးရုံမှ အထူးကု ဆရာဝန် များနှင့် သူနာပြုများမှ စနစ်တကျ စစ်ဆေး ကုသ ပေးခဲ့ကြပြီး ဒေသခံ တိုင်းရင်းသား ပြည်သူ ၈၃ ဦး ဆေးဝါး ကုသမှု ခံယူ ခဲ့ကြကြောင်း နှင့် ထိုသို့ ဆောင်ရွက် ပေးမှုအပေါ် ဒေသခံ တိုင်းရင်းသား များမှ ကျေးဇူးတင် ၀မ်းမြောက် လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment