Pages

Thursday, January 17, 2013

အာဆီယံ+၈ နိုင်ငံတို့သည် အင်ဒိုနီးရှားနိုင်ငံတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်း ပြုလုပ်သွားမည်



၁၇-၁-၂၀၁၃

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံးနှင့် အခြားသော ၈ နိုင်ငံအဖြစ် တရုတ် ၊ အမေရိကန် ၊ ရုရှား ၊ ဂျပန် ၊ အိန္ဒိယ ၊ နယူးဇီလန် နှင့် သြစတြေးလျ နိုင်ငံတို့ ပါဝင်သော အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်း တစ်ရပ်အား ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ တွင် အင်ဒိုနီးရှား နိုင်ငံ အနောက် ဂျာဗား ပြည်နယ်၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ၀န်ကြီး Purnimo Yusgiantoro က ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အင်ဒိုနီးရှား ဒုတိယ သမ္မတ Boediono နှင့်အတူ Purnomo Yusgiantoro သည် အင်ဒိုနီးရှား နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဗြိတိန် ကာကွယ်ရေး ၀န်ကြီး ဖိလစ်ဟမ်းမွန်း နှင့် တွေ့ဆုံ ဆွေးနွေး ပြီးနောက် ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အထူးတပ်ဖွဲ့ ၁၈ ဖွဲ့တို့သည် ဂျကာတာမြို့ အနီး Sentul ဒေသတွင် " Beyond Police Capacity " ခေါင်းစဉ် အမည်ဖြင့် ပြုလုပ်မည့် အဆိုပါ လေ့ကျင့်ခန်းတွင် ပါဝင်မည် ဖြစ်ကြောင်း Yusgiantoro က ပြောကြား ခဲ့သည်။ ဗြိတိန် နိုင်ငံ အနေဖြင့် အဆိုပါ လေ့ကျင့်ခန်းအား စိတ်ဝင် စားကြောင်းနှင့် လေ့လာသူ အဖြစ် တက်ရောက် သွားမည် ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံ ဆွေးနွေးစဉ် အတွင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment