Pages

Tuesday, January 1, 2013

ပုံမှန် သွေးလှူဒါန်း ခြင်းဖြင့် ကိုလက်စထရော ပမာဏကို ထိန်းသိမ်းနိုင်

ပုံမှန် သွေးလှူဒါန်း ခြင်းဖြင့် ကိုလက်စထရော ပမာဏကို ထိန်းသိမ်းနိုင် ဇန်န၀ါရီ(၁)ရက်နေ့ ခန္ဓာကိုယ်မှ သွေးကို ပုံမှန် လှူဒါန်း ခြင်းဖြင့် သွေးတွင်းရှိ ကိုလက်စထရော ပမာဏကို ထိန်းသိမ်း နိုင်ပြီး လေဖြတ်ခြင်း နှင့် နှလုံးရောဂါ တို့မှ ကာကွယ် နိုင်ကြောင်း နှလုံး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ညီဘုန်းမြင့် က ပြောကြားခဲ့သည်။ ပုံမှန် သွေးလှူရှင် တွေအနေနဲ့ သွေးထဲမှ သံဓာတ် ပမာဏကို လျှော့ချ နိုင်ရုံသာမက ကိုလက် စထရော ကိုလည်း လျော့နည်း စေပါတယ်။ သွေးလှူရှင် တွေထံမှ ထုတ်ယူ လိုက်တဲ့ သွေး တစ်အိတ်ကြောင့် ကယ်လိုရီ ၆၅၀ လောက် လျော့ကျစေနိုင်တယ်။ အမျိုးသားတွေ အတွက် ပုံမှန် သွေးလှူခြင်းက အကျိုး များစွာ ရှိစေနိုင် ပါတယ် ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ သွေးလှူပြီး နောက်ပိုင်း ခန္ဓာကိုယ် အလေးချိန် တိုးလာသည် ဟူသော အယူအဆမှာ မှန်ကန်ခြင်း မရှိဘဲ ထုတ်ယူလိုက် သော သွေးများ အစား ခန္ဓာကိုယ်မှ သွေးအသစ် ပြန်လည် ထုတ်လုပ်ခြင်းကို အချိန်ပိုင်း အတွင်း လုပ်ဆောင် ပေးနိုင်ရာ ဆဲလ် အသစ်များ အား ရရှိစေကြောင်း သိရှိရသည်။

No comments:

Post a Comment