Pages

Thursday, January 3, 2013

မင်္ဂလာဈေး အထူးဈေးရောင်းပွဲတော်တွင် ကျောက်ဆည် ရိုးရာ ဆင်အကဖြင့် ဖျော်ဖြေမည်

မင်္ဂလာဈေး အထူးဈေးရောင်းပွဲတော်တွင် ကျောက်ဆည် ရိုးရာ ဆင်အကဖြင့် ဖျော်ဖြေမည် ဇန်န၀ါရီ(၃)ရက်နေ့ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်းရှိ အဆင့်မြင့် မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် နှင့် ပြည့်စုံဈေးတို့မှ ဈေး သာယာရေး ကော်မတီ များက ကြီးမှူး၍ ဈေးလေးဈေးမှ ဈေးသူ၊ ဈေးသားများ စုပေါင်း ပါဝင် ရောင်းချသွားမည့် အထူး ဈေးရောင်းပွဲတော်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှ ဇန်န၀ါရီ ၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ နံနက် ၉ နာရီမှ ည ၉ နရီအထိ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူး ဈေးရောင်းပွဲတော် ဖွင့်ပွဲနေ့တွင် နံနက် ၇ နာရီမှ စ၍ နံနက် ၉ နာရီအထိ ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ကျောက်ဆည် မြို့သား ဦးဌေးမောင်+ ဒေါ်မြင့်မြင့်အေး ဦးစီး တည်ထောင်သော ရတနာမင်း ကျောက်ဆည် ရိုးရာ ဆင်အကမှ ဆင်တစ်ကောင်၏ စွမ်းရည် သရုပ်ပြကွက်၊ ကပြမှုကို အထူး ဈေးရောင်း ပွဲတော်လာ မိဘပြည်သူများကို တင်ဆက် ကပြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment