Pages

Monday, January 21, 2013

သွေးလှူရှင်များ ဂုဏ်ပြုပွဲကျင်းပ


မန္တလေး ၊ ၂၁-၁-၂၀၁၃

အထွေထွေ ရောဂါကု ဆေးရုံကြီး (မန္တလေး) အမျိုးသား သွေးလှူဘဏ်၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည် သွေးလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ်ရှိ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း (မန္တလေး) တွင်း ကျင်းပြ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထွေထွေ ရောဂါကု ဆရာဝန်ကြီး (မန္တလေး)မှ အထူးက ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်စိုး မှ အဖွင့်အမှာစကား ပြောကြားပြီး ၊ အမျိုးသား သွေးလှူဘဏ် တာဝန်ခံ ဒေါက် တာ ဒေါ်ခင် စိန်ဝင်းမှ သွေးလှူဒါန်း ခြင်းနှင့် ပတ်သက်္က ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ သွေးလှူရှင်များ ကိုယ်စား (၁၁၁)ကြိမ်မြောက် သွေးလှူရှင် ဦးအုန်းရွှေ မှ ဂုဏ်ပြု ကျေးဇူးတင် စကား ပြောကြားပြီး ဂုဏ်ပြုပွဲကို ကျင်းပရာ သွေးလှူဒါန်းမှု အကြိမ် (၂၅)ကြိမ်မှ (၁၁၉)ကြိမ်အထိ လှူဒါန်း ထားသော သံဃာတော် (၅၄)ပါး အား လှူဘွယ် ပစ္စည်း ၊ ဂုဏ်ပြု ပစ္စည်းများ ဆက်ကပ် ကြသည်။

ထို့နောက် သွေးလှူဒါန်းမှု အကြိမ် (၁၀၀ နှင့်အထက်) လှူဒါန်းသူ ၂၇ ဦး ၊ (၂၅)ကြိမ်မှ (၉၅)ကြိမ်ထိ လှူဒါန်းသူ ၂၅၂ ဦးတို့အား တာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment