Pages

Monday, January 7, 2013

အာဆီယံ-ဂျပန်စင်တာ အလုပ်ရုံဆွေးနွေးမည်

အာဆီယံ-ဂျပန်စင်တာ အလုပ်ရုံဆွေးနွေးမည် ဇန်န၀ါရီ(၇)ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အာဆီယံ - ဂျပန် စင်တာ တို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့တော် ဆီဒိုးနား ဟိုတယ်၌ ဈေးကွက် ၀င်ရောက်ရေး အထောက် အကူပြု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲ တွင် ချည်ထည်၊ ပိုးထည် များဖြင့် ရက်လုပ်ထားသည့် လည်စီး၊ ပ၀ါ၊ စားပွဲခင်း၊ ကူရှင်၊ ခေါင်းအုံးစွပ်များ၊ လက်ကိုင်အိတ် များ စသည့် အသုံးအဆောင် ပစ္စည်း များနှင့် စပ်လျဉ်းသည့် ဂျပန်လူမျိုးများ၏ အကြိုက်၊ အရောင်နှင့် ဒီဇိုင်းများ၊ ဂျပန် ဈေးကွက် အခြေအနေ များကို ဂျပန် ကျွမ်းကျင်သူ များက ရှင်းလင်း ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာန အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနခွဲမှ သိရှိရသည်။ အာဆီယံ-ဂျပန် စင်တာ သည် တစ်နှစ်လျှင် သုံးကြိမ်ခန့် ဂျပန်နိုင်ငံ၌ ကုန်စည်ပြပွဲ ပြုလုပ်၍ မြန်မာနိုင်ငံမှ ကုမ္ပဏီများကို ရွေးချယ်ပြီး ပြသမှုများလည်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment