Pages

Monday, January 21, 2013

 
ပဲခူး ၊ ၂၁-၁-၂၀၁၃
 
 KV 315 ထရန်စဖော်မာများ တပ်ဆင်ရန် ဓာတ်တိုင်များ စိုက်ထူ ပဲခူး ၊ ၂၁-၁-၂၀၁၃ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြည်သူများ အန္တရာယ် ကင်းရှင်းစွာဖြင့် လျှပ်စစ် ဓာတ်အား လုံလောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးလက် ဒေသများတွင် ထရန်စဖော်မာ များတိုးချဲ့ တပ်ဆင်ပေးခြင်း ၊ ကွန်ကရစ် ဓာတ်တိုင်များ အစားထိုး လဲလှယ်ပေးခြင်း များဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ 

ပဲခူးမြို့ ၊ နန်းတော်ရာ ရပ်ကွက် ၊ ဥဿာသီရိ (၄)လမ်း ၊ အနောက်ဖက်ထိပ် တွင် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ နှင့် ၀န်ထမ်းများသည် KV 315 ထရန်စဖော်မာ တပ်ဆင်ရန် ဆောင်ရွက်ခြင်း နှင့် ကွန်ကရစ် ဓာတ်တိုင် အသစ်များ စိုက်ထူလျက် ရှိရာ ရပ်ကွက်နေ ပြည်သူများ အနေဖြင့် မကြာမီ ကာလအတွင်း လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ အချိန်မှန် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment