Pages

Sunday, January 13, 2013

ဧည့်လမ်းညွှန်များအတွက် မွမ်းမံသင်တန်း ဖွင့်မည်

ဧည့်လမ်းညွှန်များအတွက် မွမ်းမံသင်တန်း ဖွင့်မည် ဇန်န၀ါရီလ(၁၃)ရက်နေ့ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီဌာနသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ရာတွင် အဆင်ပြေ လွယ်ကူစေရေး အတွက် လုပ်ငန်းစဉ် (၄)ရပ် ချမှတ် အကောင်အထည်ဖော် လျက်ရှိရာ ဧည့်လမ်းညွှန်များ အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဧည့်လမ်းညွှန်များ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၄)ကို ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် လျက်ရှိပြီး သင်တန်း ၀င်ခွင့် လျှောက်လွှာများ ကို ဇန်န၀ါရီလ ၁၆ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့၊ အမှတ် ၄၅၈/၄၆၀ ၊ မဟာဗန္ဓုလ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ရသာ ကွန်ဒို ဒုတိယထပ်ရှိ ခရီးသွား လုပ်ငန်း ဆိုင်ရာ သင်တန်းကျောင်း တွင် တင်သွင်း နိုင်ပြီး လိုင်စင် အဟောင်း မိတ္တူကို သင်တန်း ၀င်ခွင့် လျှောက်လွှာနှင့် အတူ ပူးတွဲ တင်ပြရမည် ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းကာလ မှာ ရက်သတ္တပတ် နှစ်ပတ် ဖြစ်ပြီး သင်တန်း အောင်မြင်သူ များအား ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် လိုင်စင် ပြန်လည် ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment