Pages

Friday, December 14, 2012

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အစည်းအဝေး ကျင်းပမည် ဒီဇင်ဘာ(၁၄)ရက်နေ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF သည် လာမည့် ၂၀၁၃ ဘောလုံးရာသီ တွင် ကျင်းပမည့် MNL မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ပြိုင်ပွဲ ပြက္ခဒိန် အတည်ပြုရေး အတွက် MFF တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ကလပ် အသင်းများ ပါဝင်မည့် ပေါင်းစပ် ညှိနှိုင်း အစည်း အဝေးကို ယခုလ ၁၅ ရက်နေ့တွင် MFF အဆောက်အအုံ အစည်း အဝေး ခန်းမ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။ အစည်းအဝေးသို့ ကလပ် အသင်းများမှ အနည်းဆုံး အသင်း မန်နေဂျာ အဆင့်ရှိသူ နှစ်ဦး တက်ရောက် ရမည် ဖြစ်ပြီး MNL ပြိုင်ပွဲအား ဇန်န၀ါရီ ပထမပတ် အတွင်း ကျင်းပ နိုင်ရန် လျာထား ကြောင်း သိရှိရသည်။

No comments:

Post a Comment