Pages

Tuesday, December 11, 2012

တရုတ်နိုင်ငံမှ Lieutenant General Chai Shaoliang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

ဒီဇင်ဘာ(၁၁)ရက်နေ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်းဒူးစစ်ဒေသမှ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူး Lieutenant General Chai Shaoliang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ တွင် တရုတ်နိုင်ငံမှ လေကြောင်းခရီး ဖြင့် ရန်ကုန် မြို့သို့ ရောက်ရှိ ကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး တင်စန်းနိုင်၊ သန်လျင် တပ်နယ်မှ ဗိုလ်မှူးချုပ် မင်းသိမ်းတင့်၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင် နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူ တို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment