Pages

Friday, December 28, 2012

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီဖြင့် ရေဒါ တပ်ဆင်မည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီဖြင့် ရေဒါ တပ်ဆင်မည် ဒီဇင်ဘာ(၂၈)ရက်နေ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီ ဖြင့် အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် တန်ဖိုး ရှိသော ရေဒါ ၃ လုံး တပ်ဆင် နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ရေဒါများသည် မုန်တိုင်း ခန့်မှန်းရာတွင် အသေးစိတ် တိုင်းတာ နိုင်မည့် အပြင် ၄င်းရေဒါ ၃ လုံးကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူ မြို့များ၌ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း အပြီး တပ်ဆင်ရန် မြန်မာနိုင်ငံ မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ အကြား သဘောတူညီ ထားခဲ့ပြီး တပ်ဆင်မည့် ရေဒါများဖြင့် မုန်တိုင်း၏ အရွယ်ပမာဏ၊ လေတိုက်နှုန်း၊ မုန်တိုင်း ရွှေ့လျားရာ လမ်းကြောင်း၊ ရေငွေ့ပမာဏ စသည့် အချက်များကို ကြိုတင် ခန့်မှန်း နိုင်မည် ဖြစ်သည်။ ထို့အပြင် မုန်တိုင်းကြောင့် မည်သည့် ဒေသ၌ မိုးရွာနိုင်ကြောင်း နှင့် လျှပ်တပြက် ရေကြီးမည့် ဖြစ်စဉ်များ အတွက် ကြိုတင် သတိပေးချက် ထုတ်နိုင်မည့် အပြင် ယခု တပ်ဆင်မည့် ရေဒါ အမျိုးအစား တစ်လုံးကို ကျောက်ဖြူ မြို့တွင် ၁၉၇၉ ခုနှစ်၌ တပ်ဆင်ခဲ့ဖူးပြီး ၁၉၉၇ ခုနှစ် ကတည်းက ချို့ယွင်း ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment