Pages

Monday, December 24, 2012

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည်

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည် ဒီဇင်ဘာ(၂၄)ရက်နေ့ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ စီစဉ်မှုဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲကို ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆီဒိုးနား ဟိုတယ် Grand Ball Room တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ``မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ တွင် လက်ရှိ အသုံးပြုနေသော ပေါ်လစီများ အကြောင်း´´၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခင်မာထွန်း နှင့် ပြည်ကြီးခင် အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း တို့က အမျိုးသမီးများ တွေ့ကြုံ နေရသော ကျား၊မ အခြေပြု အကြမ်းဖက် ခံရမှု အကြောင်းကို ၄င်းတို့ ၀င်ရောက် ဖြေရှင်း ပေးခဲ့ရသော အတွေ့ အကြုံ နမူနာ များဖြင့် ဟောပြော ကြမည် ဖြစ်သည်။ တက်ရောက် လိုသူများ သည် MWEA အသင်းရုံးခန်း ဖုန်း ၀၁-၂၅၄၄၀၀၊ ၂၅၄၄၃၃၊ ၃၈၉၃၇၆ နှင့် e-mail:mwea2008@gmail.com သို့ ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment