Pages

Monday, December 10, 2012

ကလေးပန်းချီပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပမည်

ကလေးပန်းချီပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၀)ရက်နေ့ ရန်ကုန်မြို့၊ စိန်းလန်းစိုပြည်ဂါးဒင်း၏ စတုတ္ထအကြိမ်မြောက် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကလေးပန်းချီ ပြိုင်ပွဲနှင့် ဆေးရောင် ခြယ်ပြိုင်ပွဲ ကို ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း ရှိ စိမ်းလန်းစိုပြည် ဂါးဒင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အသက် ၃ နှစ်မှ ၅ နှစ်အထိ ကလေးငယ် များအတွက် ဆေးရောင် ခြယ်ပြိုင်ပွဲ ကို နံနက်ပိုင်း တွင် လည်းကောင်း၊ အသက် ၅ နှစ်မှ ၁၀ နှစ်အထိ ကလေးငယ် များ၏ မူလတန်း အဆင့် ပန်းချီ ပြိုင်ပွဲနှင့် အသက် ၁၀ နှစ်မှ ၁၄ နှစ် အထိ ကလေးများ၏ အလယ်တန်း အဆင့် ပန်းချီ ပြိုင်ပွဲ တို့ကို မွန်လွဲပိုင်း တွင် လည်းကောင်း ကျင်းပ သွားမည် ဖြစ်သည်။ မူလတန်း အဆင့်နှင့် အလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲ ၀င်ရန် ခေါင်းစဉ်မှာ ``ထိန်းသိမ်းစို့လေ တို့ကမ္ဘာမြေ´´ ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁-၅၀၂၇၂၀၊ ၀၉၄၃၂၀၆၇၉၈ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment