Pages

Thursday, December 13, 2012

လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်လှစ်မည်

လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၁၃)ရက်နေ့ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနမှ ပညာရှင်များ အချိန်ယူ၍ နိုင်ငံခြား နည်းပညာဖြင့် ပေါင်းစပ် ပြုလုပ် ထားသော လူသုံးကုန် ပစ္စည်းများ ဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်း များကို စနစ်တကျ ထုတ်လုပ် နိုင်ကာ ကိုယ်ပိုင် စီးပွားရေး ထူထောင် လိုသူများ အတွက် လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်း တက်ရောက် လိုသူများ အနေဖြင့် သမ၀ါယမ ၀န်ကြီးဌာန အသေးစား စက်မှု လက်မှု လုပ်ငန်း ဦးစီးဌာန၊ အထက် မြန်မာပြည် ရုံးခွဲ (မန္တလေး) ၈၂ လမ်း နှင့် ၂၅ လမ်းထောင့်၊ အောင်မြေ သာစံ မြို့နယ်၊ ဖုန်း ၀၂၃၉၆၀၉ ၊ ၀၉၂၀၀၀၇၃၀ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment