အထူးဈေးရောင်းပွဲတော်ကြီး ကျင်းပမည်
ဒီဇင်ဘာ(၁၈)ရက်နေ့
(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အဆင့်မြင့် မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် နှင့် ရွှေပြည့်စုံဈေး တို့မှ ဈေးသူ၊ ဈေးသား များ၏ အထူး ဈေးရောင်းပွဲတော်ကြီး ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်မှ ၅ ရက်အထိ မင်္ဂလာဈေးဝင်း အတွင်း ကျင်းပမည်ဖြစ်သည်။ ဈေးသူ၊ ဈေးသားများအား ၁၉-၁၂-၂၀၁၂ ရက်နေ့မှ ၂၀-၁၂-၂၀၁၂ ရက်နေ့အထိ လည်းကောင်း၊ ပြင်ပ လုပ်ငန်းရှင် များအား ၂၁-၁၂-၂၀၁၂ ရက်မှစ၍ ဆိုင်ခန်းများ နေရာ ချထားပေးမည် ဖြစ်ရာ ဖုန်း ၀၉၇၃၀၂၂၉၃၉ ၊ ၀၁-၂၉၂၅၃၆ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment