Pages

Wednesday, December 26, 2012

ဟဲဟိုးမြို့၌ လေယာဉ် မတောတဆမှု ဖြစ်ပွား

ဒီဇင်ဘာ(၂၆)ရက်နေ့ ၂၅-၁၂-၂၀၁၂ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန်တွင် ရန်ကုန်မြို့မှ မန္တလေးမြို့နှင့် ဟဲဟိုးမြို့ များသို့ ပြေးဆွဲခဲ့သော အဲပုဂံ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 ခရီးစဉ်၊ Fokker 100 လေယာဉ် သည် ဟဲဟိုး လေယာဉ် ကွင်းသို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ၄င်းလေယာဉ်တွင် ခရီးသည် ၆၅ ဦး ပါဝင်ပြီး လေယာဉ်မောင်း ၂ ဦး၊ လေယာဉ်မယ် ၄ ဦး ပါဝင်ကြောင်း သိရသည်။ မြေပြင်ပေါ်သို့ လေယာဉ် ရောက်ရှိသည် နှင့် အရေးပေါ် ထွက်ပေါက်ကို ဖွင့်လှစ်ခဲ့ပြီး ခရီးသည် များကို လေယာဉ်ပေါ်မှ ထွက်ရှိနိုင်အောင် လေယာဉ် ၀န်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ခရီးသည် တစ်ဦးမှ လွဲ၍ ကျန် ခရီးသည် ၆၄ ဦးကို အောင်မြင် ဘေးကင်းစွာ ကယ်တင် နိုင်ခဲ့သည်။ လေယာဉ်မှာ မီးလောင် ကျွမ်းခဲ့ပြီး ခရီးသည်များ အနက်မှ ရှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့သဖြင့် အနီးဆုံးမြို့ကြီး ဖြစ်သော တောင်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ သည်။ ခရီးသည် များ အနက်မှ မြန်မာ အမျိုးသမီး ခရီးသွား လမ်းညွှန် ဖြစ်သူ မနွယ်လင်းရှိန် ကွယ်လွန်ခဲ့ပြီး လေယာဉ် ဆင်းသက်စဉ်တွင် လေယာဉ်နှင့် ထိခိုက်မိသော လမ်းပေါ်မှ ဆိုင်ကယ်စီးသူ ဦးပြား ဆိုသူလည်း ကွယ်လွန်ခဲ့သည်။ အဲပုဂံ လေကြောင်းလိုင်း အနေဖြင့် ခရီးသည် အားလုံးကို ရန်ကုန်မြို့သို့ လေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်လျက် ရှိပြီး ခရီးသည် ၂၆ ဦး ရန်ကုန်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ၄င်းခရီးသည် များအား မတော်တဆ မှုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း တို့ကြောင့် ရန်ကုန်မြို့၊ ၀ိတိုရိယ ဆေးရုံကြီး တွင် လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်ပေးပြီး ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် အနားယူ ထားရှိသည်။ တောင်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံကြီး တွင် တက်ရောက် ကုသ နေသော ခရီးသည် ၈ ဦး အပါအ၀င် ကျန်ခရီးသည်များ မှာလည်း ရန်ကုန်မြို့သို့ ဆက်လက် ရောက်ရှိ လျက်ရှိသည်။ အဲပုဂံ လေကြောင်းလိုင်း အနေဖြင့် သက်ဆိုင်ရာ ပို့ဆောင်ရေး ၀န်ကြီးဌာန နှင့် ပူးပေါင်းလျက် မတော်တဆမှု ဖြစ်ရခြင်း အကြောင်းရင်း ကို စုံစမ်း စစ်ဆေးလျက် ရှိပြီး လိုအပ်သော တာဝန်ယူ ဖြေရှင်းမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment