Pages

Tuesday, December 11, 2012

အောင်ပန်းမြို့ ကုန်စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ဈေးရောင်း/၀ယ်ယူသူ များဖြင့် စည်းကား

အောင်ပန်းမြို့ ကုန်စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ဈေးရောင်း/၀ယ်ယူသူ များဖြင့် စည်းကား ဒီဇင်ဘာ(၁၁)ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလေးမြို့နယ်၊ အောင်ပန်းမြို့၊ ဟိုက်ဒရိုကွင်း၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်နေ့အထိ မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက်မှ ဦးဆောင် ကုန်စည်းပြပွဲ နှင့် ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိရာ ရောင်းချသူ၊ ၀ယ်ယူသူများဖြင့် စည်းကားလျက် ရှိကြောင်း သိရသည်။ ဒေသခံပြည်သူ များအတွက် နေ့စဉ်နှင့်အမျှ အသုံးဝင်လျက် ရှိသော အ၀တ်အထည် အမျိုးမျိုး၊ စားသောက် ကုန်ပစ္စည်း များ၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးနှင့် မီးဖိုဆောင်သုံး ပစ္စည်းများကို တစ်နေရာတည်းတွင် ၀ယ်ယူရရှိနိုင် သဖြင့် ဒေသခံ တိုင်းရင်းသားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဈေးဝယ်လာစဉ် ညပိုင်း၌လ ည်း သရုပ်ဆောင် မော်ဒယ်လ် များ၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုနိုင်ပြီး ကလေးသူငယ်များ အတွက် ကလေးကစားနည်း များပါဝင် သဖြင့် ဈေးပွဲတော်တွင် လူကြီး၊ လူငယ်၊ ကလေး အရွယ်စုံဖြင့် စည်းကားလျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment