Pages

Thursday, December 13, 2012

မန္တလေးတောင် ဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲ ပထမအကြိမ် ပြုလုပ် ကျင်းပမည်

မန္တလေးတောင် ဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲ ပထမအကြိမ် ပြုလုပ် ကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ စက်ဘီးစီး အဖွဲ့ချုပ်တို့က ကြီးမှူး၍ Mandalay Free Rider အပျော်တမ်း စက်ဘီးစီး အဖွဲ့ချုပ် တို့မှ ဦးစီး ကျင်းပသော (၁၇) ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲ အကြို Mandalay Hillbike Challenge ပထမအကြိမ် မန္တလေးတောင် စက်ဘီးစီး ပြိုင်ပွဲ နှင့် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။ တောင်တက် ပြိုင်ပွဲအား ဒီဇင်ဘာ ၂၃ ရက် နံနက် ၇ နာရီတွင် Sedona Hoter ရှေ့၌ တာထွက်၍ မန္တလေးတောင်တော် ကားလမ်းအတိုင်း စီးနင်းယှဉ်ပြိုင်၍ တောင်ပေါ် စက်လှေခါး (ယဉ်ရပ်နားကွင်း) တွင် ပန်းဝင်မည် ဖြစ်သည်။ တောင်ဆင်း ပြိုင်ပွဲအား ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မန္တလေးတောင် မောင်းတံဂိတ်မှ တောင်ခြေ အမှတ်(၈) ကျောင်း အနီး (ဘိုးဘိုးကြီး နတ်နန်း အနောက်ဘက်) တွင် ပန်းဝင်ရမည် ဖြစ်သည်။ ပြိုင်ပွဲ ကျင်းပစဉ် အားကစားသမား များ အားသွန်ခွန်စိုက် ပါဝင်ယှဉ်ပြိုင်နေမှုကို ရိုက်ကူး၍ ဓာတ်ပုံပြိုင်ပွဲ အတွက် ပါဝင် ယှဉ်ပြိုင် ရမည် ဖြစ်ကာ ရောင်စုံ ဓာတ်ပုံဖြင့် အရွယ် အစား ၁၀ x ၁၄ လက်မ တစ်မျိုးတည်း ဖြစ်ရမည် ဖြစ်သည်။ ဓာတ်ပုံများကို ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီအထိ ``အို´´ စတိုး ၃၃ လမ်း၊ ၇၈ လမ်းထောင့်သို့ ပေးပို့ရန် နှင့် ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် မန္တလေး ဓာတ်ပုံ အသင်းတိုက် ရတနာပုံဈေး ၃၃ လမ်း၊ ၇၇ လမ်းထောင့် တွင် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment