Pages

Thursday, December 6, 2012

ကြက်သွန်နီဈေးကောင်းရ တောင်သူပြုံးပျော်ကြ

ကြက်သွန်နီဈေးကောင်းရ တောင်သူပြုံးပျော်ကြ
ဒီဇင်ဘာ(၆)ရက်နေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မဈေး၊ အမှတ်(၅)ဈေးနှင့် စပ်စံထွန်းဈေး တို့တွင် ရောင်းချ လျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ ယခုနှစ် နိုဝင်ဘာလ အတွင်း တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိရာမှ ဒီဇင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၆၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာ သည်ကို တွေ့ရှိရသည်။ ကြက်သွန်နီ ဈေးနှုန်း မြင့်တက် လာမှု ကြောင့် ကြက်သွန် လက်ဝယ် ထားရှိ သည့် တောင်သူ များ အနေဖြင့် အမြတ်အစွန်း များ ရရှိ ကြသည့် အပြင် မြင်းခြံ၊ မြစ်သားမှ ကြက်သွန်နီ များလည်း ၀င်ရောက် လျက်ရှိသည်။ မြစ်သား နှင့် အောင်ပန်း ဒေသ ထွက် ကြက်သွန်နီ မှာ တစ်ပိဿာလျှင် ၁၆၀၀ ဈေးနှုန်း ဖြစ်သော် လည်း အောင်ပန်း ကြက်သွန်နီ မှာ အလုံးကြီး ပြီး မြစ်သား ကြက်သွန်နီ ဥမှာ အလတ်စား အရွယ်သာ ဖြစ် ကြောင်း ကြက်သွန် ရောင်းချသည့် ဈေးသည် များထံမှ သိရှိရပါ သည်။

No comments:

Post a Comment