Pages

Thursday, December 13, 2012

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင်ကစားနည်း အောင်ပွဲရရေး ကြိုတင်ပြင်ဆင်

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင်ကစားနည်း အောင်ပွဲရရေး ကြိုတင်ပြင်ဆင် ဒီဇင်ဘာ(၁၃)ရက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) များကို ၁၉၅၉ ခုနှစ်မှ စ၍ ကျင်းပလာခဲ့ရာ ယခု (၂၇)ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာနိုင်ငံမှ လက်ခံ ကျင်းပ မည်ဖြစ် သည်။ ပုံမှန် အားဖြင့် လေ့ကျင့် သော အားကစား နည်းလည်း ယခု (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်၌ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၅ ဦး လေ့ကျင့်လျက် ရှိသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ မှစ၍ စခန်းဝင် လေ့ကျင့်လျက် ရှိကြရာတွင် (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် စစ်တုရင် အားကစားနည်း ငါးမျိုး ပါဝင် ယှဉ်ပြိုင် မည် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်၊ ကျပန်း စစ်တုရင်၊ အမြန်ရွှေ့ စစ်တုရင်၊ အာဆီယံ စစ်တုရင် နှင့် မြန်မာ့ရိုးရာ စစ်တုရင် တို့ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment