Pages

Tuesday, December 4, 2012

အနုပညာစွမ်းရည်ပြ ပဒေသာကပွဲဖျော်ဖြေတင်ဆက်ခြင်း

အနုပညာစွမ်းရည်ပြ ပဒေသာကပွဲဖျော်ဖြေတင်ဆက်ခြင်း ဒီဇင်ဘာ(၄)ရက်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၏ အနုပညာ စွမ်းရည် ပြ ပဒေသာကပွဲ ကို ၂-၁၂-၂၀၁၂ ရက်နေ့ ည ၇ နာရီ အချိန်တွင် မြို့မ ကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံ၌ ကပြဖျော်ဖြေခဲ့သည်။ ကပြဖျော်ဖြေပွဲသို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူ နှင့် ဇနီး တို့ တက်ရောက် ကြည့်ရှု အားပေး ခဲ့သည်။ အဆိုပါ ပဒေသာ ကပွဲတွင် ဂီတ ပညာဌာန မှ တွဲဖက် ပါမောက္ခ အကယ်ဒမီ မီရာမိုရ်မှ ဆန်းသစ် တီထွင် ထားသော မဟာဂီတ၊ ဂန္တ၀င် တေးများ အပါအ၀င် တေးသံသာ များဖြင့် လည်းကောင်း၊ သဘင် ပညာ ဌာနမှ ကျောင်းသူ၊ ကျောင်းသားများ က ကြည်ညို ပူဇော် ဆီမီးတော် အက အပါအ၀င် ယိမ်းအက များနှင့် ခေါင်းဆောင် မင်းသမီး ခိုင်သဇင်းသင်း နှင့် တက္ကသိုလ် ခိုင်မာလွင် တို့၏ ကုမုဒြာ အငြိမ့် တို့ဖြင့် လည်း ကောင်း၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာ ဌာန ကျောင်းသူ၊ ကျောင်းသား များက (၁၉) ကြိမ်မြောက် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ငွေတံဆိပ် ဆု ရရှိခဲ့သော ``မွေခံ ထိုက်စေ ရိုးရာ အမွေ´´ ပြဇာတ် တို့ဖြင့် လည်းကောင်း တင်ဆက် ကပြ ဖျော်ဖြေခဲ့ ကြသည်။ ပဒေသာ ကပွဲ မစမီ ပန်းချီ ပညာဌာန နှင့် ပန်းပု ပညာဌာန တို့မှ ကျောင်းသူ၊ ကျောင်းသား များ၏ ပန်းချီ၊ ပန်းပု လက်ရာမွန် များကို ခင်းကျင်း ပြသခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment