Pages

Thursday, December 20, 2012

မန္တလေး အမေနေ့ အခမ်းအနား ကျင်းပမည်

မန္တလေး အမေနေ့ အခမ်းအနား ကျင်းပမည် ဒီဇင်ဘာ(၂၀)ရက်နေ့ (၁၇)ကြိမ်မြောက် မန္တလေး အမေနေ့ အခမ်းအနားကို ၂၀၁၃ ဇန်န၀ါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၁ လမ်းနှင့် ၈၅ လမ်းထောင့်ရှိ သကျသီဟဘုရား၊ ဝေဇယန္တာ မဟာ ဗန္ဓုလ ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အမေနေ့ အခမ်းအနားကို မိဘခြေရာ ခံယူခြင်းကို ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ဝေဇယန္တာ ဓမ္မာရုံ၌ ဖွင့်လှစ် ထားရှိ၍ အလွတ်တန်း ၀တ္ထုတို ပြိုင်ပွဲ၊ အမေ့ မေတ္တာဖွဲ့ စာမူများကို ၂၀၁၃ ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံး ထားကာ ဖုန်းမြင့်အောင်၊ အမှတ်(၄၁)၊ ၆၉ လမ်း၊ လမ်း ၄၀x၄၁ ကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ မန္တလေးနှင့် ထွန်းဦးစာပေ ၈၄ လမ်းနှင့် ၂၉ လမ်းထောင့် သို့ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ အဆိုပါ အမေနေ့ အခမ်းအနားတွင် စာရေးဆရာ ပါမောက္ခ အရှင်ဆေကိန္ဒ၊ စာရေး ဆရာမ အမျိုးသား စာပေဆုရ မစန္ဒ တို့က အမေကို အထွဋ် အထိပ် တင်၍ ဂုဏ်ပြု ပူဇော် ဟောပြောမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment