Pages

Tuesday, December 11, 2012

သီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

သီချင်းဆိုပြိုင်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၁)ရက်နေ့ Elite International School မှ ကြီးမှူးကြီး ကလေးငယ်များအတွက် သီချင်းဆို ပြိုင်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် ရန်ကုန်မြို့၊ ကမရွတ် မြို့နယ်၊ အင်းယားလမ်း ရှိ စိမ်းလန်းစိုးပြည် ဂါးဒင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သီချင်းဆို ပြိုင်ပွဲသို့ အသက် ၁၂ နှစ်အောက် ကလေးများ ပါဝင် ယှဉ်ပြိုင် နိုင်ပြီး မည်သည့် သီချင်းဖြင့် မဆို ပါဝင် ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။ ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း ချီးမြှင့်မည့် အပြင် နှစ်သိမ့်ဆု များပါ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ပါဝင် ယှဉ်ပြိုင် လိုသူများ သည် Elite International School တွင် ပြိုင်ပွဲဝင် လျှောက်လွှာ များ ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment