Pages

Thursday, December 27, 2012

အိမ်၌ ကိုယ်တိုင် ပြုလုပ်သော ပဲနို့ ကျန်းမာရေး အတွက် များစွာ အကျိုးပြု

အိမ်၌ ကိုယ်တိုင် ပြုလုပ်သော ပဲနို့ ကျန်းမာရေး အတွက် များစွာ အကျိုးပြု ဒီဇင်ဘာ(၂၇)ရက်နေ့ ပဲနို့ကို ပဲပိစပ်မှ အလွယ်တကူ ထုတ်လုပ် နိုင်ပြီး ၄င်းမှာ မိမိနေအိမ်၌ပင် ပြုလုပ်နိုင်ကာ ကျန်းမာရေး အတွက် များစွာ အကျိုးပြု ကြောင်း အဟာရဗေဒ ဆိုင်ရာ ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။ ပဲနို့တွင် အဆီဓာတ်၊ ပရိုတင်းဓာတ်၊ OMega3 ၊ သတ္တုဓာတ်၊ ဗီတာမင်း တို့ ပါရှိခြင်းကြောင့် ၀မ်းပျက်သော ကလေးငယ် များကို အာဟာရ အဖြစ် တိုက်ကျွေး နိုင်ကြောင်း သိရသည်။ ပဲနို့ ပြုလုပ်ပေးရန် အတွက် ပဲပိစပ် အား တစ်ညခန့် ရေစိမ်ပြီး ဖျော်စက်တွင် ရေအနည်းငယ် ရော၍ ဖျော်ပြီးနောက် ဆူအောင် ကျိုပါက အသင့် သောက်သုံး နိုင်သော ပဲနို့ရည်ကို ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ပဲနို့တွင် ပါဝင်သော အီထရိုဂျင် ဓာတ်မှာ အမျိုးသမီး၌ ဖြစ်လေ့ရှိသော သွေးဆုံးကိုင် ရောဂါကို ကာကွယ် ပေးနိုင်သည့် အပြင် ဟော်မုန်း အစားထိုး ကုသမှု အနေဖြင့် သောက်သုံး နိုင်ကြောင်း ထပ်မံ သိရသည်။ ပဲနို့ ပြုလုပ်သော ပဲပိစပ်တွင် ပါဝင်သည့် ပရိုတင်းဓာတ် ကြောင့် ကလေးများ၏ အရိုးအဆစ်ကို ဖွံ့ဖြိုးစေပြီး ဘေးအန္တရာယ် မရှိသော သဘာဝ ဖျော်ရည်တစ်မျိုး ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

No comments:

Post a Comment