Pages

Thursday, December 6, 2012

မြန်မာနိုင်ငံမှ ပလပ်စတစ်အိတ်များကို ဂျပန်နိုင်ငံသို့ ပို့ပြီ

မြန်မာနိုင်ငံမှ ပလပ်စတစ်အိတ်များကို ဂျပန်နိုင်ငံသို့ ပို့ပြီ ဒီဇင်ဘာ(၆)ရက်နေ့ မြန်မာနိုင်ငံရှိ Lucky Bag ပလပ်စတစ်အိတ် လုပ်ငန်းမှ ထုတ်လုပ်သည့် ပလပ်စတစ် အိတ်ပါး (ကြွပ်ကြွပ်အိတ်) HDPE အမျိုးအစားများကို ဂျပန်နိုင်ငံသို့ ယခုလကုန်တွင် စတင်၍ တင်ပို့ သွားမည် ဖြစ်ကြောင်း ပလပ်စတစ်အိတ် ထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ တွင် မီးဖိုချောင် ပစ္စည်း များ ထည့်သွင်း ရာတွင် သုံးစွဲရန် အတွက် တင်ပို့မည် ဖြစ်ပြီး ပလပ်စတစ် အိတ်များ တွင် အမှတ် တံဆိပ် ရိုက်နှိပ် မထားသော အိတ်အလွတ် များအား တင်ပို့မည် ဖြစ်ကြောင်း သိရသည်။ ယခုလကုန် တွင် ပထမဆုံး အဖြစ် ကွန်တိန်နာ တစ်လုံးဖြင့် ပလပ်စတစ်အိတ် များ စတင် တင်ပို့သွား မည်ဖြစ်ပြီး မလေးရှား၊ တရုတ်၊ ဗီယက်နမ် စသော နိုင်ငံများမှ ဂျပန်နိုင်ငံသို့ ပလပ်စတစ် အိတ်များ တင်ပို့ နေရာ မြန်မာ့ ပလပ်စတစ် အိတ်များမှာ ၄င်းတို့နှင့် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment