Pages

Monday, November 12, 2012

အိန္ဒိယလေတပ်သည် Sukhoi တိုက်လေယာဉ်များကို စတင်ဖြန့်ကြက် ချထားသွားမည်ဟုဆို




၁၂-၁၁-၂၀၁၂

အိန္ဒိယ လေတပ်သည် ဆိုဗီယက်လုပ် MiG-21 တိုက်လေယာဉ် များကို အနားပေးပြီး Su-30 MKI တိုက်လေယာဉ် များအား အဓိက ကျသော တိုက်လေယာဉ်များ အဖြစ် အစားထိုး အသုံးပြုရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ၊ Su-30 MKI လေယာဉ်အုပ် စုစုပေါင်း (၁၇)အုပ်အား ပါကစ္စတန် နှင့် တရုတ် နယ်စပ် တစ်လျှောက် ဖြန့်ကြက် ချထား သွားမည်ဖြစ်သည့် အပြင် နိုင်ငံ၏ တောင်ပိုင်း အက်ဒမန် နှင့် နီကိုဘာကျွန်း များအထိ လွှမ်းခြုံရန် နိုင်ငံတောင်ပိုင်း ဒေသတွင်လည်း ဖြန့်ကြက် ချထား မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ Su-30 MKI ဂျက်တိုက် လေယာဉ်များ ဖြန့်ကြက် ချထားခြင်း၏ ရည်ရွယ်ချက်မှာ ပါကစ္စတန် နိုင်ငံ က ၀ယ်ယူဖြည့်ဆည်း လျက်ရှိသော အမေရိကန် နိုင်ငံလုပ် F-16 နှင့် တရုတ် နိုင်ငံလုပ် JF-17 Thunder ဂျက်တိုက်လေယာဉ် များကို တုံ့ပြန်နိုင်ရန် ဖြစ်ပြီး ၊ အရှေ့ပိုင်းတွင် တပ်ဖြန့်ချ ထားရခြင်း၏ ရည်ရွယ်ချက် မှာ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံ များတိုးတက် လာနေမှုကို အင်အား ချိန်ညှိရန် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယလေတပ်သည် ရုရှားနိုင်ငံမှ Su-30 MKI ဂျက်တိုက်လေယာဉ် (၂၃၀)စင်းကို ၀ယ်ယူရန် စာချုပ် ချုပ်ဆို ထားပြီး ၄င်းတို့အနက် (၁၄၀)စင်းအား ပြည်တွင်း၌ လိုင်စင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment