Pages

Thursday, November 15, 2012

ဂျာမဏီအခြေစိုက် Condor လေကြောင်းလိုင်း ရန်ကုန်မြို့ သို့ တိုက်ရိုက်ခရီးစဉ် စတင်




ရန်ကုန် ၊ ၁၅-၁၁-၂၀၁၂

ဂျာမဏီ အခြေစိုက် Condor လေကြောင်းလိုင်း သည် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့ နှင့် တိုက်ရိုက် လေကြောင်းလိုင်း ခရီးစဉ်ကို စတင် ပျံသန်း ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်းသည် ဂျာမဏီ နိုင်ငံ ဖရန့်ဖွတ်မြို့ မှ ရန်ကုန်သို့ တစ်ပတ်လျှင် တစ်ကြိမ် ပျံသန်း ပေးမည် ဖြစ်သည်။ Condor လေကြောင်းလိုင်း သည် ခရီးသည် ၂၆၈ ဦးဆံ့ ဘိုးရင်း 767 300 ER လေယာဉ်ဖြင့် ပြေးဆွဲ ပေးနေရာ ယခင် ၁၉၉၆ ခုနှစ် ၊ နိုဝင်ဘာလ မှ ၁၉၉၇ ခုနှစ် ၊ ဧပြီလအထိ ပြေးဆွဲ ပေးခဲ့ဖူးသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်ပ လေကြောင်းလိုင်း သစ် ၆ လိုင်းမှာ ရန်ကုန်မြို့ နှင့် တိုက်ရိုက် ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။

မြန်မာနိုင်ငံ နှင့် တိုက်ရိုက် ပြေးဆွဲနေသော ပြည်ပ လေကြောင်းလိုင်း ၆ လိုင်းမှာ All Nippon Airways (ANA) ၊ ကာတာ လေကြောင်းလိုင်း ၊ EVA လေကြောင်းလိုင်း ၊ ကိုရီးယား လေကြောင်းလိုင်း ၊ စင်ကာပူ လေကြောင်းလိုင်း နှင့် Condor လေကြောင်းတို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment