Pages

Tuesday, November 27, 2012

CB Bank ၏ ATM စက်များတွင် Master Card စတင် အသုံးပြုနိုင်



ရန်ကုန် ၊ ၂၇-၁၁-၂၀၁၂

CB Bank ၏ ATM စက်များတွင် စတင် အသုံးပြု နိုင်ပြီဖြစ်သည့် Master Card ကို ၂၀၁၃ ခုနှစ် ၊ ဧပြီလ တွင် POS ( Point of Sale ) စက်များ၌ စတင် အသုံးပြုပြီး ငွေပေးချေမှု ပြုလုပ် နိုင်တော့မည် ဖြစ်ကြောင်း CB Bank မှ တာဝန်ရှိသူ၏ ပြောပြချက် အရ သိရသည်။

ယခု Master Card ဖြင့် CB Bank က ATM စက်များတွင် မြန်မာ ကျပ်ငွေကို ထုတ်ယူ၍ ရပြီး လာမည့် ခြောက်လ အကြာတွင် POS စက်များတွင် အသုံးပြု နိုင်အောင် ဆောင်ရွက် နေကြောင်း သိရသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ တွင် ကျင်းပမည် Sea game သို့ လာရောက်မည့် အားကစား သမားများ ၊ အဖွဲ့ဝင်များ အနေဖြင့် မြန်မာပြည်တွင် နေထိုင်စဉ် ကာလအတွင်း တည်းခိုခြင်း ၊ စားသောက်ခြင်း ၊ ခရီးသွား လာခြင်း ၊ အမှတ်တရ ပစ္စည်းများ ၀ယ်ယူခြင်း တို့အတွက် Master Card ဖြင့် ငွေပေးချေ နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment