Pages

Tuesday, November 20, 2012

ဥက္ကလာပ စေတီတော်တွင် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ယှဉ်ပြိုင်မည်




ရန်ကုန် ၊ ၂၀-၁၁-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ ဥက္ကလာပ စေတီတော် ရှေးဟောင်း သမိုင်းဝင် ခုနှစ်ဆူ ဘုရားနှင့် အောင်တော်မူ စေတီမြတ်ကြီး၏ (၁၁)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်နှင့် (၅)ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်း ရက်လုပ် ပြိုင်ပွဲကို ၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လဆန်း (၁၄)ရက် ၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ ၊ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်တွင် ဗုဒ္ဓ ရုပ်ပွားတော် (၁၀)ဆူအား မသိုး ရွှေကြာ သင်္ကန်းများ ဆက်ကပ် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးရွှေကြာ သင်္ကန်း ရက်လုပ် ပြိုင်ပွဲကို စင်တော်ကြီး (၇)စင်ဖြင့် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ပထမ ၊ ဒုတိယ၊ တတိယ ဆုများအပြင် နှစ်သိမ့်ဆု များကိုလည်း ထိုက်ထိုက် တန်တန် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment