Pages

Wednesday, November 14, 2012

တတိယအကြိမ် လျှပ်စစ်ကြိုး သွယ်တန်းပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၁၁-၂၀၁၂

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် သုခစုစံ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ နှင့် စက်မှုလက်မှု သင်တန်းကျောင်း တို့ ပူးပေါင်း၍ တတိယ အကြိမ် လျှပ်စစ်ကြိုး သွယ်တန်း ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ၊ လှိုင်သာယာ မြို့နယ်ရှိ အဆိုပါ သင်တန်းကျောင်း ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သုံးသိန်း ၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း ၊ တတိယဆု ငွေကျပ် တစ်သိန်း ချီးမြှင့် သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ ၀င်လိုသူများသည် နိုဝင်ဘာ ၂၃ ရက်ထက် နောက်မကျ စေဘဲ ပြိုင်ပွဲဝင် ပုံစံများကို ပေးပို့ရမည် ဖြစ်ပြီး အသေးစိတ် သိရှိ လိုပါက သုခစုစံ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၊ ဖုန်း ၀၁- ၃၈၆၈၇၇ နှင့် ၀၁- ၃၉၂၂၃၃ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ မြန်မာ လုပ်သားများ ကျွမ်းကျင်မှု တိုးတက်ပြီး လုပ်သား တန်ဖိုး မြင့်မားစေရန် ရည်ရွယ်၍ ထိုပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment