Pages

Friday, November 9, 2012

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၉-၁၁-၂၀၁၂

ကျွန်ပျူတာ ပညာရှင်များ ကွန်ပျူတာ ပညာရပ် နှင့် ပတ်သက်၍ ကျွမ်းကျင်မှု အဆင့် တိုးတက် မြင့်မား လာစေရန် နှင့် နားလည် တတ်ကျွမ်းသူ တစ်ယောက် အဖြစ် အသိအမှတ် ပြုစေရန် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲ များကို ဒီဇင်ဘာ ၁၆ ရက် (တနင်္ဂနွေနေ့) တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စာမေးပွဲသို့ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး IT ပညာရပ်ကို စိတ်ဝင်စားသူများ တက္ကသိုလ် ကျောင်း သား ၊ ကျောင်းသူများ ၊ ကွန်ပျူတာ နည်းပညာ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ ၊ IT နယ်ပယ်တွင် လက်တွေ့ လုပ်ကိုင် နေသူများ ၀င်ရောက် ဖြေဆို နိုင်ကြောင်း သိရသည်။ စာမေးပွဲများကို ကွန်ပျူတာ ပညာရှင်များ အသင်း တည်ရှိရာ မန္တလေး ၊ ဧရာဝတီ ၊ စစ်ကိုင်း တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင်လည်း တစ်ပြိုင်နက် ကျင်းပ စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment