ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂
ရန်ကုန် တောင်ပိုင်းခရိုင် စည်ပင်သာယာ
အုပ်ချုပ်ရေးမှူး ၏ အနီးကပ် ကြီးကြပ်မှုဖြင့် မင်္ဂလာ တောင်ညွန့် မြို့နယ် ၊ စည်ပင်သာယာ
အုပ်ချုပ်ရေးမှူး နှင့် လက်ထောက် အုပ်ချုပ်ရေး မှူးများ ၊ လမ်းနှင့် တံတား တာဝန်ခံများနှင့်
ဝန်ထမ်းများ သည် ၂၀ပေ x ၉ ပေ တရားမ၀င် ဆိုင်းဘုတ်များ ၊ လမ်းလယ် ဓာတ်တိုင် ဆိုင်းဘုတ်များ
၊ လမ်း ၀ဲ/ယာ တရားမ၀င် ဆိုင်းဘုတ် ကြော်ငြာ များအား လိုက်လံ ဖြုတ်သိမ်းလျက် ရှိကြောင်း
သိရသည်။
ဆက်လက်၍ မြို့နယ်အတွင်း တရားမ၀င် ဆိုင်းဘုတ်
များအား ရှင်းလင်း သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားမ၀င် ဆိုင်းဘုတ် များ၏ ပိုင်ရှင်များသည်
သတ်မှတ် ထားသည့် အခွန်အခ များ လာရောက် ပေးသွင်းခြင်း မရှိသဲ့သို့ ဆက်သွယ်မှုလည်း မရှိကြောင်း
စည်ပင် သာယာရေး ကော်မတီမှ (၅)လတာ အခမဲ့ ကြော်ငြာခွင့် ပြုပြီး ဆက်လက် ကြော်ငြာ လိုပါက
သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ကာ သတ်မှတ် အရွယ် ၊ သတ်မှတ် အခွန်အခ များ ပေးသွင်းရမည်
ဖြစ်သော်လည်း လာရောက် ဆက်သွယ်၍ အခွန်ငွေများ ပေးသွင်းခြင်း မရှိသဖြင့် ယခုကဲ့သို့ ၀န်ထမ်းများ
ကိုယ်တိုင် လိုက်လံ ဖြုတ်သိမ်း ကြရကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

No comments:
Post a Comment