Pages

▼

Friday, November 30, 2012

အိန္ဒိယမှ လှူဒါန်းသည့် ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား အနေကဇာတင် ရောင်တော်ဖွင့်ပွဲ မကြာမီ ကျင်းပ ပြုလုပ်မည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြူ ဖြင့် ထုလုပ် ထားသည့် ဓမ္မစင်္ကြာ ဗုဒ္ဓ ရုပ်ပွားတော် မြတ်သည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း အိန္ဒိယ သံရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူ များထံသို့ အကြောင်းကြား ခဲ့ကြောင်း ရွှေတိဂုံ စေတီတော် တာဝန်ရှိသူ ထံမှ သိရှိရသည်။

အဆိုပါ ရုပ်ပွားတော် မြတ်သည် အမြင့် ၁၆ ပေ ၊ အကျယ် ၁၂ ပေ ရှိ အုတ်ခွက် ဘုရားကဲ့သို့ ပုံသဏ္ဍာန် ရှိပြီး နမူနာ ပုံစံငယ်အား ရွှေတိဂုံ ပြတိုက်တွင် ထားရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၇ နာရီတွင် ရဟန်း သံဃာများမှ အနေကဇာတင် ကာ " အနေကဇာတင် ရောင်တော်ဖွင့် ပူဇော်ပွဲ " ကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပြည်လမ်း ၊ အနောက် ဘက် ကားဝင်း ကုန်းစောင်း နေရာတွင် ထားရှိ အပူဇော်ခံမည် ဖြစ်သည့်အတွက် ပြတိုက်၏ အောက်ဘက် အနောက်ဘက် ကားဝင်းတွင်း မှပင် ဖူးမြှောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဓမ္မစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား လှူဒါန်းသည့် အိန္ဒိယအဖွဲ့သည် ရန်ကုန်မြို့ရှိ သီတဂူ ဆရာတော် ကျောင်းတွင် ဗုဒ္ဓ အမွေအနှစ် ပြပွဲနှင့် ဓာတ်ပုံ ပြပွဲများပါ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ " မြန်မာနိုင်ငံသို့ ပြည်ပ နိုင်ငံများမှ ဓမ္မလက်ဆောင် အဖြစ် လှူဒါန်းသည့် ရုပ်ပွားတော်များ များစွာ ရှိသော်လည်း ကြီးကြီး မားမား မဟုတ်ဘဲ ယခု လှူဒါန်းသည့် အကြီးမားဆုံး အနေဖြင့် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အနောက်ဘက်တွင် ထားရှိ အပူဇော်ခံ ရသည့် ရည်ရွယ်ချက်မှာ အနောက်ဘက် သည် ပိုမို ကျယ်ဝန်းသည့် အတွက် အနောက်ဘက်ကို ပိုမို စည်ကား လာစေချင်တယ် ၊ အနောက် ဘက်တွင် ဗုဒ္ဓ၀င် ပြခန်း လည်းရှိပါတယ် ၊ ဗုဒ္ဓ၀င် ပြခန်းကို ဘုရားဖူးတွေ ရောက်ရှိ စေချင်တယ် ၊ ဗုဒ္ဓနဲ့ ပတ်သက်သမျှ တစ်လုံးပဲ သိသိ ၊ နှစ်လုံးပဲ သိသိ သိသွားစေချင် ပါတယ် ... " ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment