Pages

Thursday, November 22, 2012

အခမဲ့ ကွင်းဆင်းဆေးကုသ




မန္တလေး ၊ ၂၂-၁၁-၂၀၁၂

မန္တလေးမြို့ ၊ အောင်မြေ သာစံ မြို့နယ် ၊ အမရဌာနီ အရှေ့ရပ်ကွက် ရှိ တိုင်းဒေသကြီး လူမှု ၀န်ထမ်း ဦးစီးဌာန နှင့် World Vision Myanmar တို့ ပူးပေါင်း ဖွင့်လှစ်သော ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ကာကွယ် စောင့်ရှောက်ရေး ဌာန၌ အောင်မြေ သာစံ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး မှ ဦးစီး၍ Women and Child Health Development Project အမျိုးသမီး နှင့် ကလေး ကျန်းမာရေး စီမံချက် ဖြင့် မြို့နယ် အတွင်း ကျန်းမာရေး အသိပညာပေး ခြင်းနှင့် အခမဲ့ ဆေးကုသ ပေးခြင်းကို နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ကွင်းဆင်း ဆေးကုသ ရာတွင် မြို့နယ် ကျန်းမာရေးမှူး နှင့် မြို့နယ် တာဝန်ခံ ဆရာဝန်များ ဖြစ်ကြသော ဒေါက်တာ စန်းစန်းအေး ၊ ဒေါက်တာ နှင်းသီတာချို ၊ ဒေါက်တာ ခိုင်ဇာလင်း ၊ မြို့နယ် သူနာပြု ဆရာမကြီး ဒေါ်ချိုချိုမြင့် နှင့် သူနာပြု ဆရာမများ ၊ သားဖွား ဆရာမများ ၊ အမျိုးသမီး ကျန်းမာရေး ဆရာမများက ပြည်သူ ၁၀၀ ကျော်အား ကျန်းမာရေး အသိပညာပေး ခြင်းများ ပြုလုပ်ခဲ့ပြီး လူနာ ၇၅ ဦးအား အခမဲ့ ကွင်းဆင်း ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment