Pages

Sunday, November 18, 2012

အလူမီနီယံထည်များ လူကြိုက်များ




မြစ်ကြီးနား ၊ ၁၈-၁၁-၂၀၁၂

ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာ များဖြင့် လူသုံး ပစ္စည်း များသည်လည်း အသစ် အသစ်များကို တီထွင် ဖန်တီး အသုံးပြု လာကြရာ ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့အတွင်း အလူမီနီယံ ဖြင့် ပြုလုပ်သော အသုံးအဆောင် ပစ္စည်းများကို လူကြိုက်များ အသုံးပြု လာလျက် ရှိကြောင်း သိရသည်။

ယခင်က သစ်သားထည် များဖြင့် ပြုလုပ်သော မှန်ဘောင် ၊ ဘုရားကျောင်းဆောင် ၊ အိမ်ပြတင်း တံခါးပေါက် အမျိုးမျိုး နှင့် အိမ်သုံး ပရိဘောဂ များဖြစ်သည့် ဘီဒို ၊ စားပွဲ ၊ ကုလားထိုင် စသည့် နေရာများ တွင် အလူမီနီယံ ဖြင့် အစားထိုး အသုံးပြု လာခြင်း များကြောင့် သဘာဝ ပတ်ဝန်းကျင် နှင့် သစ်တော များကို ကာကွယ်ရာ ရောက်သကဲ့သို့ ခိုင်ခန့်ခြင်း ၊ ပေါ့ပါးခြင်း ၊ သယ်ဆောင် ရာတွင် လွယ်ကူခြင်း ၊ ပိုးမထိုးခြင်း ၊ သန့်ရှင်း သပ်ရပ်စွာ တာရှည် အသုံးပြု နိုင်ခြင်းများနှင့် ဈေးနှုန်း ချိုသာခြင်း များကြောင့် နှင့် အလူမီနီယံ ပရိဘောဂ ထည်များတွင် လှပ တင့်တယ်မှု ရှိရန် ရွှေရောင် ၊ ငွေရောင် ၊ လှိုင်းတွန့်များ အသုံးပြုခြင်း ၊ Aluminium Compodite Panel များ တွဲဖက် အသုံးပြုခြင်းဖြင့် လူကြိုက်များပြီး အသုံးပြု မှာယူသူ များပြားကြောင်း သိရှိရသည်။

No comments:

Post a Comment