Pages

Thursday, November 8, 2012

မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်



ရန်ကုန် ၊ ၈-၁၁-၂၀၁၂

(၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ မသန်စွမ်း သူများ အားကစား ပြိုင်ပွဲကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြေးခုန်ပစ် ၊ ရေကူး ၊ စားပွဲတင် တင်းနစ် ၊ ထိုင်လျက် ဘော် လီဘော ၊ ကြက်တောင်ရိုက် ၊ မျက်မမြင် စစ်တုရင် နှင့် ဂေါက်သီးရိုက် အားကစား နည်းများ ပါဝင်ကြောင်း သိရသည်။

ပြေးခုန်ပစ် ပြိုင်ပွဲအား နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ အောင်ဆန်း အားကစား ပြိုင်ဝင်း၌ လည်းကောင်း ၊ ရေကူး ပြိုင်ပွဲ နှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲ တို့အား နိုဝင်ဘာ ၂၃ ရက်တွင် အမျိုးသား ရေကူး ကန် နှင့် မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ့ချုပ် တို့၌ လည်းကောင်း ၊ ထိုင်လျက် ဘော်လီဘော ပြိုင်ပွဲ နှင့် ကြက်တောင်ရိုက် ပြိုင်ပွဲတို့အား နိုဝင်ဘာ ၂၄ ရက်တွင် အောင်ဆန်း အားကစား ပြိုင်ဝင်း နှင့် အမျိုးသား ကြက်တောင်ရုံ (ကျုံးကြီး) တို့၌ လည်းကောင်း ၊ မျက်မမြင် စစ်တုရင် ပြိုင်ပွဲအား နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်ထိ စစ်တုရင် အဖွဲ့ချုပ်၌ လည်းကောင်း ၊ ဂေါက်သီးရိုက် ပြိုင်ပွဲအား နိုဝင်ဘာ ၂၅ ရက်နေ့ တွင် တပ်မတော် ဂေါက်ကလပ်၌ လည်းကောင်း အသီးသီး ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရ သည်။

ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား သမားများ၏ အမည်စာရင်း များအား မြန်မာနိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ်သို့ အမြန်ဆုံး ဆက်သွယ်ပေးပို့ ကြရန်နှင့် အသင်း အုပ်ချုပ်သူများ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ပြည်သူလူထု အတွင်း မသန် စွမ်း သူများ ၏ စွမ်းဆောင် ချက်များကို ပိုမို သိရှိ လာစေရန် နှင့် မသန်စွမ်း အားကစား သမားများ၏ စွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန် အတွက် အဆိုပါ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment