Pages

Tuesday, November 6, 2012

အေဂျင်စီများ ပြည်ပနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုတွင် ၀န်ဆောင်စရိတ် ကောက်ခံရမည့် နှုန်းထားသတ်မှတ်



ရန်ကုန် ၊ ၆-၁၁-၂၀၁၂

စင်ကာပူ ၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရောက် အလုပ်လုပ် လိုသူများ အနေဖြင့် နိုင်ငံတော်အား ပေးသွင်းရမည့် FEC 100 ကို နှုန်းထား လျော့ချ ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

ယခင်က FEC 100 ပေးသွင်း ရခြင်းမှာ ထိုင်းနိုင်ငံ နှင့် ကိုရီးယား နိုင်ငံသို့ သွားရောက် လိုသူများ အနေဖြင့် ပေးသွင်းစရာ မလိုဘဲ ၊ စင်ကာပူ နှင့် မလေးရှား နိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်သူများသာ ယမန်နှစ်မှ စ၍ ပေးသွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမား အေဂျင်စီများ အနေဖြင့် ပြည်ပ နိုင်ငံများသို့ အလုပ်သမား စေလွှတ်မှုတွင် ၀န်ဆောင် စရိတ်ကို လုပ်ခလစာ၏ လေးဆထက် မပိုဘဲ ကောက်ခံရမည် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်လိုသူ များအနေဖြင့် အလုပ်သမား ၀န်ကြီးဌာနတွင် ထုတ်ပြန် ထားရှိသည့် တရားဝင် စည်းမျဉ်းများ အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment