Pages

Thursday, November 1, 2012

ကမ္ဘာ့ဒုတိယ အကြီးဆုံး ခရီးသွားပြပွဲ လန်ဒန်တွင် ကျင်းပမည်


ရန်ကုန် ၊ ၁-၁၁-၂၀၁၂



ကမ္ဘာ့ ဒုတိယ အကြီးဆုံး ခရီးသွားပြပွဲ World Travel Market ကို အင်္ဂလန် နိုင်ငံ ၊ လန်ဒန်မြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးသွား ပြပွဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြသမည်ဟု သိရပြီး နိုင်ငံတကာမှ ကုမ္ပဏီ ၁၅ ခုတို့မှ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

World Travel Market ပြပွဲကို ပုဂ္ဂလိက လုပ်ငန်းရှင် များကသာ ပါဝင် ပြသကြမည် ဖြစ်ပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ပြပွဲတွင် ပါဝင်ပြသမှုမှာ ၁၅ နှစ်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment