Pages

Monday, November 26, 2012

ရန်ကုန် နှင့် မန္တလေးမှ မသန်စွမ်းသူများ နေပြည်တော်သို့ ထွက်ခွာ



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၂

" မသန်လည်းလူ ၊ သန်လည်းလူ ၊ စွမ်းဆောင်ရေးသာ အဓိက " ဟူသော စိတ်ဓာတ်ဖြင့် အပြည်ပြည် ဆိုင်ရာ မသန်စွမ်း သူများနေ့ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန် နှင့် မန္တလေး တို့မှ မသန်စွမ်း သူများ နိုဝင်ဘာ ၂၆ ရက် ယနေ့တွင် နေပြည်တော်သို့ ၀ှီးချဲဖြင့် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

မသန်စွမ်း သူများသည် ရန်ကုန် နှင့် မန္တလေး မှထွက်ခွာ မည်ဖြစ်ရာ ရန်ကုန်မှ မသန်စွမ်းသူ ၁၀ ဦး ပါဝင်မည် ဖြစ်ပြီး ယင်းတို့ အနက် လက်တုတပ်ပြီး စက်ဘီး စီးမည့်သူ တစ်ဦး ၊ ၀ှီးချဲဖြင့် သွားမည့်သူ ၉ ဦး ပါဝင်မည် ဖြစ်သည်။ မန္တလေးမှ ထွက်ခွာသူ ၁၂ ဦးတွင် ပေါင်ပြတ်ပြီး ခြေတစ်ဖက်ဖြင့် စက်ဘီး စီးမည့်သူ တစ်ဦး ၊ ၀ှီးချဲဖြင့် သွားမည့်သူ ၁၁ ဦး စုစုပေါင်း ၂၂ ဦး သွားရောက်မည် ဖြစ်သည်။

မသန်စွမ်း သူများ သွားရောက်ရာ လမ်းတစ်လျှောက်ရှိ မြို့ရွာ များသို့ ၀င်ရောက်ကာ မသန်စွမ်း သူများ အတွက် ဟောပြောပွဲများ ပြုလုပ် သွားမည့်အပြင် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် မသန်စွမ်း သူများနေ့ ကျင်းပမည့် နေပြည်တော်သို့ ရိုးရိုးတန်းတန်း တက်ရောက် သည်ထက် ယခုကဲ့သို့ ခရီးရှည် တက်ရောက် ရခြင်းမှာ အားကျ အတုယူချင် စိတ်များ ဖြစ်ပေါ် လာရေး နှင့် ကိုယ့်အားကိုယ်ကိုး လိုစိတ်များ ပေါ်ပေါက် လာစေရေး အတွက် ပြုလုပ် ရခြင်း ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း မှ ကိုဝဏ္ဏကျော်စွာ က ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment