Pages

Thursday, November 22, 2012

မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ နှင့် အမျိုးသမီး ရိုးရာလက်ဝှေ့ လက်ရည် စစ်ပွဲ ကျင်းပမည်




ရန်ကုန် ၊ ၂၂-၁၁-၂၀၁၂

အားကစား ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး H&S Group မှ စီစဉ်ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ နှင့် " မွေ " ပြိုင်ပွဲအတွက် အမျိုးသမီး ရိုးရာလက်ဝှေ့ လက်ရည်စစ်ပွဲ ကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူ အားကစား ခန်းမတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ တွင် ပြိုင်ယှဉ်ကြမည့် တွဲဆိုင်းများ အနေဖြင့် ဖိုးကေ (မန္တလေး) နှင့် စိုးလင်းဦး (မျိုးဇာနည်) ၊ ထွန်းထွန်းမင်း (မုဒုံသား) နှင့် သပြေညို (ဘိလပ်မြေ စက်ရုံ) ၊ ဖိုးသားကြီး (မန္တလေး) နှင့် လေးညှို့ရှင် (သတ္တိ) ၊ ရဲရင့် (နဂါးမာန်) နှင့် ကျားပေါက် (ဘိလပ်မြေ စက်ရုံ) ၊ ၀င်းမောက် (ရွှေဖူး) နှင့် မင်းမဟာ (ဘိလပ်မြေ စက်ရုံ) ၊ ထွန်းလုံရှိန် (ငြိမ်းချမ်းရေး) နှင့် ရဲရင့်ထွန်း (မုဒုံသား) ၊ ဗိုလ်တီ (နဂါးမာန်) နှင့် ဂျိုကာ (ဘိလပ်မြေ စက်ရုံ) တို့ဖြစ်သည်။

အလားတူ " မွေ " ပြိုင်ပွဲအတွက် အမျိုးသမီး ရိုးရာ လက်ဝှေ့ လက်ရည်စစ်ပွဲတွင် ယှဉ်ပြိုင်ကြမည့် အဆိုင်းများမှာ ဂျီဂျီလေး (မြွေဟောက်မင်း ၊ တနင်္သာရီ) နှင့် နောင်ချဲဖော (M/K) ၊ အေးအေးခိုင် (စွမ်းကေကေ၊ မန္တလေး) နှင့် မြွေဟောက်မ (တနင်္သာရီ) ၊ လရောင် (ဧ၀ရက်၊ မန္တလေး) နှင့် ၀ိုးတ၀ါး (မြွေဟောက်မင်း၊ တနင်္သာရီ) တို့ဖြစ်ပြီး လူငယ် မျိုးဆက်သစ် ရိုးရာ လက်ဝှေ့ပွဲစဉ်များ ပါ ထည့်သွင်း ထားသည့် ကြိုတင် လက်မှတ် ၀ယ်ယူလို သူများ အနေဖြင့် ဖုန်း ၀၁- ၂၄၉ ၁၁၇ ၊ ၀၉- ၄၉၂ ၄၅၅ ၀၅ နှင့် ၀၉- ၄၂၅ ၀၂၃ ၇၉၉ တို့သို့ ဆက်သွယ် စုံစမ်း ၀ယ်ယူရရှိ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment