Pages

Sunday, November 11, 2012

စီးပွားရေး လုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ ၀င်ရောက်မှု များပြား




ရန်ကုန် ၊ ၁၁-၁၁-၂၀၁၂

ခေတ်စနစ် ပြောင်းလဲ လာမှုနှင့်အညီ ပြည်ပ လေကြောင်းလိုင်း များလည်း များပြားလာပြီး ပြည် တွင်း ပြည်ပ ခရီးသွား လုပ်ငန်းများမှာ တစ်ရှိန်ထိုး တိုးတက် လာသည်။ ယနေ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပြည်ပ ခရီးသည် ၀င်ရောက်မှုမှာ နေ့စဉ် ဦးရေ ၂၀၀၀ ခန့် ရှိကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှတ်တမ်းများ အရ သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သည် ပုဂ္ဂလိက အခန်းကဏ္ဍ မြင့်မားစွာ ဆောင်ရွက် နိုင်ရေး အတွက် လေကြောင်းလိုင်း မူဝါဒ အသစ်များဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့ ပြည်ပ ခရီးသည် ပို့ဆောင်မှု လေကြောင်း ကုမ္ပဏီ ၂၂ ခုရှိလာပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် ပြည်ပ လေကြောင်း ဆိုက်ရောက်မှု သည် တစ်နေ့လျှင် ၃၈ ကြိမ်ထက် မနည်း ရှိကြောင်း အဆိုပါ ဌာနမှ သိရသည်။ စီးပွားရေး မူဝါဒ စနစ် ပြောင်းလဲပြီး နောက်ပိုင်း ပြည်ပ ခရီးသည် ၀င်ရောက်မှု ၂၀၀၀ အနက် စီးပွားရေး လုပ်ငန်းရှင် နှင့် ရင်းနှီးမြှုပ်နှံ မှုအတွက် လာရောက်သော ခရီးသည်မှာ ၅၀ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။

ဂျာမဏီ ၊ အမေရိကန် ၊ အင်္ဂလန် ၊ အီတလီ ၊ ပြင်သစ် ၊ ဂျပန် ၊ ကိုရီးယား စသည့် နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ ၊ ရင်းနှီးမြှုပ်နှံ သူများမှာ အလုံးအရင်း နှင့် လာရောက်လျက် ရှိကြောင်း TL (TAKLWIN) Travels and Tours Co., Ltd မှ သိရပြီး TL ခရီးသွား လုပ်ငန်းမှ ဒါရိုက်တာ JUNG CHAN SOO က ဆက်လက် ပြောကြား ရာတွင် ကိုရီးယား နိုင်ငံ ၊ ဖူဆန်မြို့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် Busan CCI ဥက္ကဋ္ဌ Sung Je Cho, PhD ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ၂၆ ဦးသည် နိုဝင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် UMFCCI မှ တာဝန်ရှိသူ များနှင့်လည်း တွေ့ ဆုံပြီး နောင်အနာဂတ် စီးပွားရေး အတွက် ညှိနှိုင်း ဆောင်ရွက် ခဲ့သည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရ သည်။

No comments:

Post a Comment