Pages

Tuesday, November 20, 2012

နှစ်အလိုက် တင်သွင်းခွင့်ရှိသော် မော်တော်ယာဉ် မော်ဒယ်လ်များ သတ်မှတ်ချက်



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၂

ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့် ပြုရာတွင် တင်သွင်းရမည့် မော်ဒယ်လ်များကို နှစ်အလိုက် သတ်မှတ်ထားရာ ယခုလာမည့် ၂၀၁၃ ခုနှစ်တွင် အနိမ်ဆုံး ၁၉၉၇ ခုနှစ် နှင့် အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်တော်ယာဉ် များကိုသာ တင်သွင်းခွင့် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သိရသည်။

၂၀၁၃ ခုနှစ်တွင် ၁၉၉၇ ခုနှစ် မော်ဒယ်လ် အနိမ်ဆုံးထား တင်သွင်းခွင့် ပြုခြင်းမှာ ပြည်ပမှ ကားတင်သွင်း လာပါက နှစ်လခန့် ကြာပြီးမှ နိုင်ငံအတွင်း ရောက်ရှိမည် ဖြစ်ရာ ၁၉၉၇ မော်ဒယ်လ် အစား ၁၉၉၆ မော်ဒယ်လ် မှားယွင်း တင်သွင်း လာပါက မော်တော်ယာဉ် တင်သွင်းသူ များအနေဖြင့် အခက်အခဲ ရှိလာနိုင်၍ တင်ကြို အသိပေး ရခြင်း ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် တင်သွင်းသော လုပ်ငန်းရှင် များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် တင်သွင်းယာဉ်မှာ အနိမ့်ဆုံး ၁၉၉၅ မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်လ် အထိဖြစ်ပြီး ၊ ၂၀၁၂ ခုနှစ်တွင် အနိမ့်ဆုံး ၁၉၉၆ မှ အမြင့်ဆုံး ၂၀၀၆ မော်ဒယ်လ် အထိ သတ်မှတ်ထားရာ လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇ မှ အမြင့်ဆုံး ၂၀၀၇ မော်ဒယ်လ်အထိ တင်သွင်းရန် သတ်မှတ် ထားခြင်း ဖြစ်သည်။ လုပ်ငန်းရှင် များ အနေဖြင့် မော်တော်ယာဉ်များ မှားယွင်း တင်သွင်း မိပါက ဥပဒေအရ သိမ်းဆည်း သို့မဟုတ် မော်ဒယ်လ် နှစ်အလိုက် တစ်နှစ်လျော့ သွင်းပါက ကျသင့်သည့် ဒဏ်ငွေ ပေးဆောင် စေခြင်း စသည့် နစ်နာမှုမျိုး မဖြစ်စေရန် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ ၏ ပြောကြားချက် အရ သိရှိရသည်။

No comments:

Post a Comment