ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂
SR World-wide Education မှ ကြီးမှူး
ပြုလုပ်သည့် ဂျပန်နိုင်ငံ Asia Pacific University (APU) ၏ မြန်မာနိုင်ငံမှ ကျောင်းသား
ကျောင်းသူ များအတွက် ရာနှုန်းပြည့် Scholoarship ပေးအပ်မည့် အကြောင်းနှင့် လျှောင်ထားနိုင်
သည့် ဘာသာရပ်များ ၊ ၀င်ခွင့် အချက်အလက် များအကြောင်း ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်
၁၀ နာရီတွင် ရန်ကုန်မြို့ ၊ အလံပြ ဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ
APU ကျောင်းမှ Dr. Porter Edyar Pro Vice President နှင့် တာဝန်ရှိသူများ ကိုယ်တိုင်
လာရောက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
APU မှ ရာနှုန်းပြည့် စကောလားရှစ် အပြင်
၈၀ ရာခိုင်နှုန်း ၊ ၆၅ ရာခိုင်နှုန်း ၊ ၅၀ ရာခိုင်နှုန်း ၊ ၃၀ ရာခိုင်နှုန်း အစရှိသည့်
စကောလားရှစ် များကိုလည်း လျှောက်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူ များ၏ တစ်ဦးချင်း
အရည်အချင်း အပေါ် မူတည်၍ ပေးအပ် သွားမည် ဖြစ်ကြောင်း နှင့် ယင်း APU သို့တက်ရောက် လိုသော
ကျောင်းသား ကျောင်းသူ များသည် English 4 skill ကျွမ်းကျင်ရုံဖြင့် လျှောက်ထားနိုင်ပြီး
ဂျပန်စာ ၊ ဂျပန်စကား ကို အဓိကထား တတ်မြောက်ရန် မလိုအပ် သော်လည်း ဂျပန်ဘာသာ တတ်မြောက်
သူများပါ လျှောက်ထား နိုင်ကြောင်း သိရသည်။
တက်ရောက် သင်ကြား နိုင်သော ဘာသာရပ်
များမှာ
Bachelor of Social Science
Specialized in
- (1) Culture , Societies and Media
- (2) International Relations and Peace Studies
- (3) Environmental and Development
- (4) Hospitality and Tourism
Bachelor of Business
Administration Specialized in
- (1) Strategic Management and Organization
- (2) Accounting and Finance
- (3) Innovation and Economic
- (4) Marketing
တို့ဖြစ်ကြသည်။ APU တွင် Bachelor
Program ပြီးဆုံးပြီးနောက် Master of Science / MBA နှင့် Ph.D Program များကို ဆက်လက်
တက်ရောက် နိုင်ကြောင်း နှင့် စိတ်ပါဝင်စား သူများအနေဖြင့် အသေးစိတ် သိရှိလိုပါက SR
World wide Education ဖုန်း ၀၁- ၂၄၆၁၈၈ ၊ ၀၁- ၃၈၇၀၂၂ နှင့် ၀၉- ၅၄၂၈၈၄၈ တို့သို့ ဆက်သွယ်
စုံစမ်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment